ဒေသခံအသံများမှသည် တာဝန်ယူမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့

ကျွန်ုပ်တို့သည် ကချင်ပြည်နယ်အတွင်း အမှန်တကယ်မှီတင်းနေထိုင်သော ဒေသခံများ၊ သုတေသနနှင့် စီမံကိန်းဆိုင်ရာ အတွေ့အကြုံရှိသူများနှင့် ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းသော ဒေသခံအခြေပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်မှာ ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေခံ အဆောက်အအုံနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဒေသခံပြည်သူများ၏ အသံ၊ အမြင်နှင့် လိုအပ်ချက်များ ကို ထိရောက်စွာ ထည့်သွင်းစဉ်းစားနိုင်စေရန် ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ အထူးသဖြင့် မြစ်ဆုံစီမံကိန်း နှင့် ဆက်စပ်၍ ဒေသခံပြည်သူများ၏ အမြင်သဘောထားများ၊ စိုးရိမ်ပူပန်မှုများ၊ မျှော်မှန်းချက်များနှင့် အကျိုးစီးပွားများကို စနစ်တကျ စုစည်းမှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာအစုအဖွဲ့များအကြား ဆွေးနွေး ညှိနှိုင်းနိုင်သည့် အခင်းအကျင်းများ ဖန်တီးပေးခြင်းနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို အများ ပြည်သူ နားလည်သိရှိနိုင်ရန် မျှဝေပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် မည်သည့်စီမံကိန်း ကိုမျှ ကြိုတင်ထောက်ခံရန် သို့မဟုတ် ဆန့်ကျင်ရန် ရည်ရွယ်ထားခြင်းမရှိပါ။ မှန်ကန်သောအချက် အလက်များ၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုနှင့် ဒေသခံပြည်သူများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှု တို့အပေါ် အခြေခံ၍ စီမံကိန်းများကို လေ့လာဆွေးနွေးနိုင်စေရန် ရည်ရွယ်ပါသည်။

ဒေသခံပြည်သူများ၏ အသံနှင့် ပါဝင်မှုကို အခြေခံ၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ကချင်ပြည်နယ်တစ်ခု ပေါ်ပေါက်လာစေရန်။

ဒေသခံပြည်သူများ၏ အသံကို စုစည်းဖော်ထုတ်ပေးခြင်း၊ မှန်ကန်သော အချက်အလက်များကို မျှဝေပေး ခြင်း၊ သက်ဆိုင်ရာအစုအဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုကို ပံ့ပိုးပေးခြင်းနှင့် ကချင်ပြည်နယ်၏ ဖွံ့ဖြိုး ရေးစီမံကိန်းများတွင် ဒေသခံများ၏ အကျိုးစီးပွားနှင့် ပါဝင်မှုကို မြှင့်တင်ပေးခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတစ်ခုတည်း မဟုတ်ဘဲ ဒေသခံ ပြည်သူများ၏ ဘဝအရည်အသွေး တိုးတက်လာခြင်း၊ အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှု၏ အကျိုးကျေးဇူးများကို မျှတစွာ ခံစားခွင့်ရရှိခြင်း တို့နှင့်အတူ ဖြစ်ပေါ်လာသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ထို့ကြောင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးစီမံ ကိန်းများတွင် ဒေသခံများ၏ ပါဝင်မှု ပိုမိုအားကောင်းလာစေရန်၊ အချက်အလက်များ ပိုမိုပွင့်လင်းလာ စေရန်၊ စီမံကိန်းများ၏ အရည်အသွေးနှင့် တာဝန်ယူမှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် ဒေသခံများ ရရှိခံစားသင့်သည့် လူမှုစီးပွားအကျိုးအမြတ်များ ပြည့်မီစွာ ရရှိနိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

Our Values

⚖️

Independence

လွတ်လပ်မှုနှင့် ဘက်လိုက်မှုကင်းမှု

🔍

Transparency

ပွင့်လင်းမြင်သာမှု

📋

Accountability

တာဝန်ယူတာဝန်ခံမှု

Quality & Integrity

အရည်အသွေးနှင့် ရိုးသားဖြောင့်မတ်မှု

🛡️

Community Safety

ဒေသခံများ၏ အသက်အိုးအိမ်နှင့် လူမှုဘဝလုံခြုံမှု

🤝

Inclusive Participation

ဒေသခံများ၏ အဓိပ္ပာယ်ပြည့်ဝသောပါဝင်မှု

🌱

Shared Benefits

ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို မျှတစွာ ခံစားခွင့်ရရှိမှု

♾️

Sustainable Development

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်ချက်များ

ကျွန်ုပ်တို့သည်—

  • ဒေသခံပြည်သူများ၏ အမြင်သဘောထားများကို စုစည်းလေ့လာခြင်း၊
  • Community Consultation နှင့် Stakeholder Engagement များကို ပံ့ပိုးခြင်း၊
  • စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှာဖွေစုစည်း၍ အများပြည်သူ နားလည်လွယ်အောင် မျှဝေခြင်း၊
  • စီမံကိန်းများ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုကို အားပေးမြှင့်တင်ခြင်း၊
  • ဒေသခံများ၏ လူမှုရေး၊ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားနိုင်ရန် ဆွေးနွေးညှိနှိုင်းခြင်း၊
  • Environmental and Social Impacts၊ EIA၊ SIA နှင့် CSR ဆိုင်ရာ အသိပညာများ တိုးမြှင့်ပေးခြင်း၊
  • စီမံကိန်းအကောင်အထည်ဖော်မှုနှင့် ဒေသခံအကျိုးခံစားခွင့်များအပေါ် လွတ်လပ်စွာ လေ့လာသုံးသပ်ခြင်း၊
  • ဒေသခံများ၊ ပညာရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကြံပြုချက်များ ဖော်ထုတ်ခြင်း    တို့ကို ဆောင်ရွက်ပါသည်

Let's Build a Sustainable Future Together

Disclaimer

Please be informed this site still under Construction and more data will be added, revised and updated accordingly. Thanks for visiting our website.